Saving Account

Best Savings Account in 2019

blog image

ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ စွန့်စားမှုမရှိပဲ ငွေတွေတိုးပွားလာအောင်လုပ်ဖို့အတွက် ခက်ခဲလာတဲ့ခေတ်ကြီးမှာ အကောင်းဆုံး ငွေစုဘဏ်အပ်ငွေစာရင်း ကို ရှာဖွေတာက အသင့်လျော်ဆုံးထဲက နည်းလမ်းတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့နာမည်ကြီးထိပ်ဆုံးဘဏ် (၆)ခုဟာဆိုရင် လက်ရှိစစ်တမ်းအရ

1. KBZ

2. YOMA

3. AGD

4. AYA

5. UAB

 

6. CB ဆိုပြီးတွေ့နိုင်ပါတယ်။

 

ထိုဘဏ် ၆ ခုထဲမှာ အတိုးနှုန်း အများဆုံး Interest Rate ပေးတဲ့ဘဏ်ကို အစဉ်လိုက်ထားကြည့်မယ်ဆိုရင်

1. AGD တစ်နှစ်လျှင် အတိုးနှုန်း 8.6%

2.YOMA, UAB, CB တို့ က တစ်နှစ်လျှင် အတိုးနှုန်း 8.25%

3. KBZ နှင့် AYA က တစ်နှစ်လျှင် အတိုးနှုန်း 8% ပေးပါတယ်။

AGD ကတော့လက်ရှိ ထိပ်ဆုံး ဘဏ် စာရင်းမှာ ပါတဲ့အတိုးနှုန်းအများဆုံးပေးတဲ့ ဘဏ်တစ်ခုပဲဖြစ်ပါတယ်။ အတိုးနှုန်းအများဆုံးကိုကြည့်မယ်ဆိုရင် AGD ကိုရွေးချယ်လို့ရပေမယ့် အမြို့မြို့အနယ်နယ်အရပ်ရပ်မှာ ဘဏ်ခွဲပေါင်း ( ၇၀ ) ကျော် သာရှိလို့ ငွေလွှဲငွေထုတ် ကို နေရာဒေသတိုင်းမှာ လုပ်လို့ရမရ မသေချာပါဘူး။

Interest Rate ဟာအချိန်မရွေးပြောင်းသွား နိုင်တာဖြစ်လို့ အကောင်းဆုံး saving account ရွေးချယ်တဲ့နေရာမှာ အဓိက အကြောင်းအရင်း တစ်ခုအနေသုံးလို့မရပြန်ပါဘူး။ နှစ်ရှည်ယုံကြည်စိတ်ချရမှု ၊ ငွေထုတ်ငွေသွင်းရတာဘယ်လောက်လွယ်ကူလဲ စတဲ့ အချက်အလက်တွေ တွေကိုလည်းကြည့်ရမှာဖြစ်ပါတယ်။

ထိပ်ဆုံး ဘဏ် ၆ ခု အပြင် ကျန်ရှိနေသည့် ဘဏ် တွေရဲ့အတိုးနှုန်း ကိုတစ်ချက်ကြည့်မယ်ဆိုရင်

1. Innwa Bank - 9% per year

2. Abank (ဧရာဝတီ တောင်သူလယ်သမားများဖွံဖြိုးရေးဘဏ်) - 8.7% per year

3. Tun Commercial Bank - 8.5% per year

4. MAB(Myanmar Apex Bank), MCB (Myanmar Citizen Bank), - 8.25% per year

ဆိုပြီးရှိနေပါတယ်။

Innwa Bank ကတော့ အစိုးရနဲ့ Private စပ်တူဖွင့်ထားတဲ့ Semi-government Bank ဖြစ်ပြီး အတိုးနှုန်း ၉ ရာခိုင်နှုန်းနဲ့အများဆုံးရပ်တည်နေပါတယ်။ ဘဏ်ခွဲပေါင်း ၅၀ ကျော်ရှိပြီး နည်းပညာပိုင်းအရ Online Banking ပါ ရနေပြီဆိုနေမယ့် တခြား Private စစ်စစ် ဘဏ်တွေနဲ့ယှဉ်မယ်ဆိုရင်တော့ အားနည်းနေတာတွေ့ရပါတယ်။

Abank ကတော့ ဘဏ်ခွဲ ၁၄ ခုသာရှိပြီး ၂၀၁၄ တွင် စတင်ဖွင့်လှစ်ခဲ့တဲ့ ဘဏ်ဖြစ်လို့ သက်တမ်းသိပ်မများသေးတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ ကိုယ်နေတဲ့အရပ်ဒေသမှာရှိတဲ့အနီးဆုံးဘဏ်ကတော့ အကောင်းဆုံးဖြစ်ပေမယ့် Customer Service, Mobile Banking availability, Security စတဲ့ အချက်တွေကိုလည်းကြည့်ရမှာဖြစ်ပါတယ်။

မန်မာနိုင်ငံရဲ့ပွင့်လင်းမြင်သာမှု အစီရင်ခံစာအရ အဆင့်လိုက်ရှိနေတဲ့ Bank တွေကတော့

1. YOMA - First Myanmar Investment CO LTD.

2. UAB - United Amara Bank LTD.

3. AYA - Max Myanmar ( Parent Company )

4. KBZ

5. AGD - Htoo Group of Companies

6. CB

ဆိုပြီး တွေ့ရပါတယ်။

၂၀၁၉ မှာ Asiamoney က ပေးအပ်တဲ့ Best Bank Awards ရတဲ့စာရင်းကိုကြည့်မယ်ဆိုရင်တော့

Best domestic bank နှင့် Best digital bank awards winner ကို KBZ

Best corporate and investment နှင့် Best for premium banking services ကို CB Bank

Best bank for SMEs နှင့် Best bank for CSR ကို AYA မှအသီးသီးရရှိခဲ့ပါတယ်။

Danatoe အနေနဲ့ အကောင်းဆုံးဆိုတာထက် အားသာချက်အလျောက် ရွေးချယ်ရမယ်ဆိုရင် Overall အနေ ဖြင့်ယခု အချိန်မှာ AYA Bank ဟာသင့်လျော်တယ် လို့ပြောနိုင်သလို ဘဏ်ခွဲအရေအတွက် အများဆုံးဖြစ်တဲ့ KBZ Bank ဆိုရင်လည်း ထုတ်ရလွယ်ကူပြီး နေရာဒေသ တိုင်းလိုလိုမှာရှိလို့ ငွေထုတ်ငွေလွှဲများသူတွေအတွက်သင့်လျော်ပါတယ်။ YOMA Bank ဟာ သက်တမ်း ၂၅ နှစ်ကျော်လာပြီဖြစ်ပြီး ယုံကြည်စိတ်အချရဆုံးအနေနဲ့ ရွေးချယ်လိုက်ပါတယ်။ Innwa Bank ကိုတော့ ၉ ရာခိုင်နှုန်းနဲ့ အတိုးအများဆုံးပေးတဲ့ ဘဏ်အဖြစ်ရွေးချယ်လိုက်ပါတယ်။