Saving Account

Saving Deposit Accounts အကြောင်း

blog image

တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ savings စုတဲ့နည်းလမ်းတွေလည်း များပြားလာပါတယ်။ ငွေစုမယ်ဆိုရင် မိမိရဲ့ ငွေကြေးစီးဆင်းမှုကိုဖြစ်ဖြစ်၊ လိုအပ်တာကိုဖြစ်ဖြစ် အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ဘဏ် တိုင်းလိုလိုမှာမတူ ညီတဲ့ Deposit Account တွေကို ရွေးပြီး ငွေစုနိုင်ပါတယ်။

 

ဒီအပတ်မှာတော့ ဘယ်လိုပုံစံငွေကြေးစီးဆင်းမှုတွေအတွက် ဘယ်လို Deposit တွေက အကောင်းဆုံးလဲဆိုတာကိုဖော်ပြပေးသွားမှာပါ။ ပထမဦးဆုံးကျွန်တော်တို့ သိတဲ့ Savings Account လို့ခေါ်တဲ့ ငွေစုဘဏ်အပ်ငွေစာရင်း၊ Fixed Deposit Account လို့ခေါ်တဲ့ စာရင်းသေအပ်ငွေစာရင်း နဲ့ Call Deposit Account လို့ခေါ်တဲ့ ခေါ်ယူအပ်ငွေစာရင်း ဆိုပြီး Deposit Account သုံးမျိုးကိုဘဏ်တိုင်းလိုလိုမှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဘဏ်တိုင်းမှာ မရှိတဲ့ Deposit Account Type တွေဟာဘယ်လိုလူတွေအတွက် ဘယ်လို Type တွေကအကောင်းဆုံးဖြစ်မလဲဆိုတာကို Danatoe မှအကြံပေးသွားမှာဖြစ်ပါတယ်။

 

Yoma bank မှ Jzu (ခေါ်) ကျေးဇူး Deposit account ဟာဆိုရင် ကိုယ့်ရဲ့ငွေစုအပ်ငွေ ရဲ့ ၂ဆ ကို လစဉ် ကံစမ်းမဲစနစ်နဲ့ပေးအပ်သွားမှာဖြစ်သလို အတိုးနှုန်းကိုလဲ နေ့စဉ်တွက်ချက်ပေးပြီး မူရင်း Savings Account လို ၃လတစ်ကြိမ် မှ အတိုးထုတ်လို့ရတာမျိုးမဟုတ်ပဲ တစ်လတစ်ကြိမ် အတိုးထုတ်လို့ရမှာဖြစ်ပါတယ်။ အတိုးနှုန်းကတော့ တစ်နှစ်ကို ၃ ရာခိုင်းနှုန်းဖြစ်တာကြောင့် ပမာဏ အမြောက်အမြားနဲ့ငွေစုပြီး ရင်းနှီးမှုကို အားမပေးချင်ပါဘူး၊၊ အပ်ငွေ ၂ဆ ရမယ်မရဘူးဆိုတာလည်း သေချာတဲ့အရာ မဟုတ်လို့ ပမာဏ နည်းနည်းနဲ့လစဉ် စုနေတဲ့သူတွေ၊ လက်ထဲငွေ ပိုနေပြီး တစ်လချင်းစုမယ့်သူတွေ အတွက်တော့ ပိုပြီးအဆင်ပြေစေတဲ့ အပ်ငွေစာရင်းဖြစ်မှာပါ။

 

KBZ bank မှ FuturePlus Deposit Account (ခေါ်) စုပွား

FuturePlus မှာကျွန်တော်တို့ ရွေးချယ်စရာ ၂ မျိုးရှိပါတယ်။ ပုံမှန်လစဉ်စုသွားတာနှင့် ၁ နှစ် ၂ နှစ်ဆိုပြီး အချိန်ကာလသတ်မှတ်ပြီး စုသွားတာပါ။ ဒီမှာ အဓိက တော့ တစ်နှစ်စုမယ် ဆိုရင် အတိုးနှုန်း ၉.၂၅ ရာခိုင်းနှုန်း ၊ ၂ နှစ် အတွက် ၉.၂၅ ရာခိုင်နှုန်း နှင့် ၃ နှစ်ငွေကြေးစုဆောင်းမှုအတွက် ၁၀ ရာခိုင်းနှုန်းဆိုပြီး အတိုးနှုန်း မြှင့်ပေးထားတာပါ။ Savings နဲ့မတူတဲ့အချက်ကတော့ လစဉ် ပုံမှန်အပ်ငွေသွင်းသွားရတာပါ။ ဥပမာ ကိုယ် တစ်လကို သုံးသောင်းသွင်းမယ်၊ အချိန်ကာလ ၁ နှစ်နဲ့ ဆိုရင် နှစ်ကုန်ရင်ကိုယ့် Account မှာ ၉.၂၅ ရာခိုင်နှုန်းအတိုးနဲ့ ၃၇၈,၅၅၇ ကျပ် ရှိနေမှာဖြစ်ပါတယ်။ နောက်တစ်မျိုးက ကိုယ်ရချင်တဲ့ ပမာဏကိုသတ်မှတ်ပြီးစုသွားတာပါ။ တစ်နှစ်စုမယ် ၁၀ သိန်းရချင်တယ်ဆိုရင် တစ်လဘယ်လောက်ပေးရမယ်ဆိုပြီး တွက်ချက်ပေးမှာဖြစ်ပါတယ်။ ၁၀ သိန်းထဲမှာကိုယ်ရမယ့်အတိုးနှုန်းပါပြီးသားဖြစ်ပါတယ်။ ဒီလို Deposit Type မျိုးက တစ်လကို ကိုယ်ပေးနိုင်တဲ့ Amount ကိုလစဉ်ပေးသွားရမှာဖြစ်လို့ လစဉ် ၁ သောင်းပဲဖြစ်ဖြစ် ၅ သောင်းပဲဖြစ်ဖြစ် လစဉ် ပုံမှန် ပမာဏအနည်းငယ်နဲ့ပုံမှန် စုနေတဲ့သူတွေနဲ့ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်း ဈေးနှုန်းကို ၁ နှစ်အတွင်း၂ နှစ်အတွင်းစုမယ်ဆိုတဲ့သူတွေ အတွက် ဖွင့်သင့် တဲ့ account ပါ။

 

AYA Bank ကနေလည်းသူများနဲ့မတူတဲ့ ပုံစံ နဲ့ Interest Maximizer ဆိုပြီး Deposit Account တစ်ခုရှိပါတယ်။ လစဉ် Account ရဲ့လကျန်ငွေ ၁သိန်း အနည်းဆုံးရှိပြီး ကျပ် တစ်သောင်း အနည်းဆုံး လစဉ် ငွေစုသွားတဲ့သူတွေအတွက် အတိုးနှုန်း ၈.၂၅ ရာခိုင်းနှုန်းဆိုပြီး သတ်မှတ်ပေးတာပါ။ပုံမှန် Savings Account ကတော့ တစ်နှစ်ကို အတိုး ၈ ရာခိုင်နှုန်း ပဲရပါတယ်။ တစ်ခြားဘဏ်တွေနဲ့ယှဉ်ရင် တော့ အတိုးက မက်လောက်စရာမရှိ ပါဘူး။

 

AYA Bank ကပဲ Loyal Account ဆိုပြီး နောက် Deposit Account ထပ်ရှိပါသေးတယ်။ သူကတော့ ငွေစုမယ်ဆိုရင် အပ်ငွေ ၅ သိန်း အနည်းဆုံးရှိရပါမယ်။ နောက်သုံးလ ပြည့်လို့ လက်ကျန်ငွေ ၅ သိန်းအောက် မလျော့ဘူးဆိုရင် တစ်နှစ် အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းနဲ့တွက်ချက်ပေးသွားတာပါ။ အထူးသဖြင့် ငါးသိန်းအနည်းဆုံးဘဏ်ထဲမှာ ကျန် ရှိနေမယ့်သူတွေနဲ့ ပမာဏ အတော်များများ ငွေစုမယ်ဆိုတဲ့သူတွေအတွက် ပုံမှန် Savings ထက် ၀.၅ ရာခိုင်နှုန်းပိုပေးလို့ AYA bank မှာ ငွေစုမယ်ဆိုရင် Loyal Account ဖွင့်ပြီးစုသင့်ပါတယ်။

 

အတိုးနှုန်း ၁၀% ထိပေးတဲ့ CB Bank မှ Wedding Deposit Account

ဒီငွေစုစာရင်းကတော့ အထူးသဖြင့်မင်္ဂလာဆောင်ဖို့အတွက် စုဆောင်းနေတဲ့ မင်္ဂလာမောင်နှံတွေ အတွက်ဖြစ်ပါတယ်။ ကနဦးအပ်ငွေ ကိုတော့ ၁၀ သိန်း နဲ့အထက်သွင်းရမှာဖြစ်ပြီး အနည်းဆုံး ၁နှစ် စာရင်းသေစုဆောင်းထားမှ အတိုး ၁၀% ပေးမှာဖြစ်ပါတယ်။ ထူးခြားတာက အတိုး ၁၀% အပြင် CB ဘဏ်မှ မေတ္တာလက်ဆောင် ငွေကျပ်၂ သောင်းကိုအပိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်မယ်ဆိုပြီး ဒီတိုင်းသိမ်းထားမယ့်အစား စာရင်းဖွင့်အပ်လိုက်တာက ကိုယ့်အတွက် အကျိုးပိုရှိစေမှာဖြစ်ပါတယ်။

 

AGD Bank နဲ့ UAB Bank မှာတော့ တွေ့နေကျ ပုံမှန် Deposit Account ပုံစံတွေပဲရှိပါတယ်။ နောက်ထပ် ငွေကြေးဆိုင်ရာ အကြောင်း အကြံပေး ဖော်ပြပေးသွားဦးမှာမိုလို့ Like and Follow လုပ်ထားဖို့အကြံပေးလိုက်ပါတယ်ဗျာ။