မိုးရာသီ လတွေ ရောက်တိုင်း ကိုယ့်ကိုယ်ကို မေးမိတဲ့စကားတစ်ခွန်းရှိပါတယ်။ " ငါငွေတွေဘယ်လိုများသုံးလိုက်တာပါလဲ" ဆိုပြီးတွေးရင်းနဲ့အဖြေရှာမရတဲ့ မေးခွန်းတွေနဲ့ပေါ့ ။ လူတော်တော်များများဟာ မိုးရာသီမှာ ပိုက်ဆံတွေပိုကုန်တယ်ဆိုပြီး ညည်းညူ သံလေးတွေကြားကြားနေရတော့ ဒီလို ပိုသုံးမိနေတဲ့ ငွေယိုပေါက်လေးတွေကို သတိမထားမိဘူးလို့တွေးမိပါတယ်။ ဒါကြောင့် ပိုမသုံးမိတဲ့အပြင် ပိုက်ဆံဘယ်လိုစု ကြမလဲ ဆိုတာကို Danatoe ကနေ အကြံပေးသွားမှာဖြစ်ပါတယ်။
ပထမဆုံးအကြံမပေးခင် ငွေယိုပေါက်တွေကို အရင် စစ်လိုက်ရအောင်။ ပေါက်နေတဲ့အိုးရေဖြည့် ရင် ဖြည့်လောက်မှာမဟုတ်ပါဘူး။ မိုးရာသီရောက်ရင် ပထမဦးဆုံး စိတ်ပူရတာက ထီးပါ။ ထီးကို နေ့တိုင်း မမေ့ မနေယူသွားဖြစ်အောင်သတိထားပါ။ ထီးမပါတဲ့နေ့ဟာ သင်ပိုက်ဆံပိုကုန်မယ့်လမ်းစပါပဲ။ ထီးမပါပဲလဲ မိုးရေထဲလမ်းလျှောက်ပြန်လို့ရပေမယ့် မိုးရေထဲအကြာကြီးနေမိလို့ အအေးမိပြီး နေမကောင်းဖြစ်ရင်တော့ အလုပ်မသွားနိုင်ဖြစ်ပြီးပိုက်ဆံပိုကုန်ပါလိမ့်မယ်။ ရုံးအပြန်ထီးမပါလို့ပေးလိုက်ရတဲ့ တက္ကစီခ တွေက လကုန်လို့တွက်ကြည့်ရင် နှမြောလို့မဆုံးပါ။
သတိထားမိလားတော့မသိဘူး မိုးရာသီရောက်ရင်ဖိနပ်ပြတ်တာတွေ ပျောက်တာတွေဖြစ်တတ်တယ်ဆိုတာ။ ကျွန်တော်ကတော့ မိုးရာသီရောက်တိုင်းဖိနပ်က ဒုက္ခပေးတတ်လို့ မိုးရာသီ မှာပဲစီးဖို့ဖိနပ်သက်သက်ဖယ်ထားပါတယ်။ မဟုတ်ရင် နေပူထဲဖြတ်လိုက် မိုးရေထဲဖြတ်လိုက်နဲ့ ကြာရင် သူလဲဖျားတက်နာတက်ပါတယ်။ ဒါကြောင့်မိုးတွင်းစီးဖိနပ် ကိုသေချာရွေးထားတာ ပိုက်ဆံချွေတာရာလည်းရောက်ပါတယ်။
မိုးအေးအေးလေးနဲ့အိမ်ထဲကွေးနေတဲ့အခါမှာလည်း ဗိုက်ကအငြိမ် မနေပါဘူး။ ဟော့ပေါ့လေး သောက်ရင်ကောင်းမလား၊ အကင်လေးစားရင်ကောင်းမလားနဲ့ မိုးအေးအေးနဲ့စားလို့သောက်လို့ကောင်းမယ့်အရာတွေစဉ်းစားနေတက်ပြီး ၀ယ်မိစားမိသောက်မိပြန်ပါတယ်။ ယောင်္ကျားလေးတွေကျတော့ သူငယ်ချင်းက မိုးအေးတယ်ကွ ဆိုပြီးလာပြောရင်တော့ ရှောင်ထားပါ။ မိုးရာသီတိုင်း ရုံးပြန်တဲ့အချိန်တော်တော်များများမှာ ရွာလေ့ရှိတဲ့မိုးကတော့ အံသြလွန်းနေပါတယ်။ သင်ပိုက်ဆံပိုကုန် တာတွေ အတွက်အပြစ်တင်မယ်ဆိုရင် အဓိက ဗီလိန်ကတော့ အချိန်မှန်ရွာတဲ့မိုးပါပဲ။
ဒါကြောင့်ပိုက်ဆံစုမယ်ဆိုရင် မိုးတွေကြားထဲကြံ့ကြံ့ ခံ ပြီး ထီးတစ်ချောင်းနဲ့ အိမ်ကိုတန်းတန်းပြန်နိုင်အောင်အရင်ကြိုးစားရပါမယ်။ ဒါဆိုရင်တစ်နေ့သုံးစရိတ်လျော့ပြီး စုဖို့ငွေထွက်လာမှာပါ။ တစ်နေ့ ကိုနည်းနည်း နဲ့တစ်လဆိုရင် စုမိတဲ့ငွေက သိသာပါတယ်။
ငွေစုမယ်ဆိုရင် အမြဲလုပ်သင့်တဲ့အရာကတော့ စာရင်းပြုစုတာပါ။ အရင်လတွေထက် မိုးရာသီမှာ ဘာလို့ပိုကုန်နေရတာလဲဆိုတဲ့ အကြောင်းတွေကို စာရင်းနဲ့သေချာကြည့်လိုက်ရင် သိသာပါတယ်။ ဒါဆိုရင်ချွေသင့်တဲ့အရာတွေချွေလို့ရပါပြီ။
ပိုက်ဆံတွေမစုမိဘူးဆိုတဲ့ စကားဖြစ်လာတဲ့အရင်းမြစ်က တော့ " ဘယ်လောက်မှမရှိပါဘူးကွာ " " ဒီလသုံးဖို့လောက်ပါသေးတယ် " ဆိုပြီး နည်းနည်းနဲ့ မသိသာ ပဲကုန်ကုန်သွားတဲ့အရာတွေကြောင့်ဖြစ်ပါတယ်။
ဘော်ဒါတို့ကော ဘယ်လိုထင်လဲ မိုးရာသီမှာပိုက်ဆံ ပိုကုန်တယ်လို့တွေးမိလား ? ဘာတွေက အဓိက ကုန်နေလဲဆိုတာမျှဝေပေးသွားလို့ရပါတယ်။