Loan

ဘဏ်ချေးငွေနဲ.ကားဝယ်ယူမယ်ဆိုရင်?

blog image

Auto Loan, Car Hire Purchase , Car Loan စသည်ဖြင့်ခေါ်ဝေါ်နေကြတဲ့ မော်တော်ယာဉ်ချေးငွေစနစ်ဟာဆိုရင် ကနဦးငွေ ပေးသွင်းပြီး လစဉ် အတိုးနှုန်းနဲ့ပြန်ဆပ် သွားရုံနဲ့ ကားတစ်စီး အပိုင်ရရှိနိုင်မယ့် ချေးငွေစနစ်တစ်ခုဖြစ်ပါတယ်။ မော်တော်ယာဉ်ချေးငွေ ကိုတော့ AYA ,UAB, YOMA, KBZ, CB, MAB, AGD စတဲ့ဘဏ်တွေကနေ ၀န်ဆောင်မှုရယူနိုင်ပါတယ်။ 

ဘာပစ္စည်းပဲဖြစ်ဖြစ် ချေးငွေအသုံးပြုပြီးဝယ်ယူတော့မယ်ဆိုရင်အကြံလေ့ရှိတာကတော့ ကိုယ့်အကျိုးစီးပွားတိုးတက်ဖို့အတွက်တကယ်လိုအပ် မှငွေချေးပါလို့တိုက်တွန်းလိုက်ပါတယ်။

ကိုယ်လိုချင်တဲ့ ကားကို ဘဏ်ချေးငွေအသုံးပြုပြီး ၀ယ်ယူတော့မယ်ဆိုရင် အရင်ဆုံးတွက်ချက်ရမှာက တစ်လပြန်ဆပ်ရမယ့် ငွေပမာဏပါ။ ဘဏ်အတော်များများမှာတော့ Car Loan Calculator ဆိုပြီး ပေးထားတဲ့ website link ကနေ ကိုယ်လိုချင်တဲ့ကားရဲ့တန်ဖိုးကို ရိုက်ထည့်၊ ပြီးရင် ကိုယ့်အတွက် အဆင်ပြေတဲ့ အတိုးနှုန်းစနစ် ( Flat method or Amortization ) ကို ရိုက်ထည့်တဲ့အခါ တစ်လပျမ်းမျှ ပြန်ဆပ်ရမယ့်ငွေထွက်လာပါတယ်။ ဒါဟာ ကိုယ်ကားမ၀ယ်ခင် ဘဏ်တွေနဲ့မချိတ်ဆက်ခင်မှာ ပထမဦးဆုံးလုပ်လို့ရနိုင်တဲ့အရာပါ။

Flat method ဆိုတာကတော့ ချေးငွေ နှင့် စုစုပေါင်းပေးရမယ့်အတိုးပမာဏ ကို ချေးငွေသက်တမ်းဖြင့်စားပြီး ရလာတဲ့ ပမာဏ ကိုလစဉ်ပုံသေ ပြန်ဆပ်ရတဲ့နည်းလမ်းဖြစ်ပါတယ်။

Amortization method ကတော့ တစ်လချင်းအတွက် ကျန်ရှိတဲ့ ချေးငွေလက်ကျန်ပေါ်မှာ အတိုးတွက်ချက်ပြီးတော့ တိုးရင်းပေါင်းဖြင့် လစဉ်ဆပ်ရတဲ့နည်းလမ်းဖြစ်ပါတယ်။ တစ်လချင်းအတွက် ပိုပြီးများများ ပြန်ဆပ်နိုင်လေ နောက်လမှာပေးရမယ့်အတိုးနှုန်းကနည်းသွားလေပါ။

အတိုးနှုန်းတူမယ်ဆိုရင် Amortization Method ကိုရွေးချယ်သင့်ပေမယ့် ဘဏ်တွေက တော့ Amortization အတွက် အတိုးနှုန်းကိုပိုတင်ထားလေ့ရှိပါတယ်။

KBZ ဘဏ် မော်တော်ယာဉ်ချေးငွေစနစ်ဟာဆိုရင် အတိုးနှုန်းအပြင် ၀န်ဆောင်ခ အဖြစ် ကားတန်ဖိုးစုစုပေါင်းရဲ့ (၁) ရာခိုင်နှုန်းကို ပေးဆောင်ရပါတယ်။ ကျန်တဲ့ဘဏ်တွေမှာတော့ ၀န်ဆောင်ခ (၁)ရာခိုင်နှုန်းကို ချေးငွေစုစုပေါင်းပေါ်မှာတွက်ချက်ပါတယ်။ အတိုးနှုန်းအရကြည့်မယ်ဆိုရင် KBZ ကသက်သာတာကိုတော့ တွေ့ရပါတယ်။

လစဉ် မတူညီတဲ့ Promotion တွေကိုတော့ ကားအရောင်းစင်တာနဲ့ ဘဏ်တွေကနေချိတ်ဆက်ပြီးပြုလုပ်လေ့ရှိပါတယ်။ ဒီလို Promotion ကနေရတဲ့ Loan ကတော့ သာမန် Car Loan တွေ ယှဉ် ရင် အတိုးပေးရတဲ့စရိတ်ကသက်သာကြပါတယ်။ အချိန်ကာလ အကန့်အသက်နဲ့ ဒါမှ မဟုတ် အစီးရေအကန့်အသက်နဲ့ ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီလိုပွဲတွေကတော့ အများအားဖြင့် ကား ကုမ္ပဏီ နဲ့ ဘဏ်တို့ ပူးပေါင်းပြုလုပ်ကြတာဖြစ်လို့ မိမိ လိုချင်တဲ့ကား Brand ကုမ္ပဏီက သာရောင်းချခဲ့မယ်ဆိုရင် လက်မလွှတ်သင့်တဲ့ပွဲတွေပါ။

UAB hire purchase ဟာဆိုရင် Nissan နှင့် Suzuki ကားကုမ္ပဏီများနှင့်ချိတ်ဆက်ထားပြီး AYA auto loan မှာတော့ Mercedes၊ BMW၊ Ford၊ Chevrolet၊ Toyota၊ Nissan၊ Suzuki၊ Mitsubishi၊ Mazda၊ Volvo နဲ့ GAC တို့ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ KBZ , CB , AGD စတဲ့ဘဏ်တွေမှာတော့ Hire Purchase အနေနဲ့ စိုက်ပျိုးရေးသုံး ထရက်ကားတွေအပြင် ကျန်တဲ့ မော်တော်စက်ပစ္စည်းတွေကိုဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

ချေးငွေသက်တမ်း ဟာ ၀န်ဆောင်မှုပေးတဲ့ ဘဏ်တစ်ခုနဲံတစ်ခုမတူညီကြပါဘူး။ ပုံမှန်အားဖြင့် CB, KBZ, AYA တို့မှာ ချေးငွေသက်တမ်း (၅)နှစ် အထိရကြပါတယ်။ ကျန်ရှိတဲ့ဘဏ်တွေကတော့ ၂ နှစ်၊ ၃ နှစ် ဆိုပြီးကန့်သက်ထားကြပါတယ်။

လစဉ် ချေးငွေပြန်ဆပ်တဲ့ အချိန်နောက်ကျတဲ့ အခါ မှာတော့ နောက်ကျကြေးအနေနဲ့ ဘဏ်တွေ က ချေးငွေလက်ကျန်ပမာဏရဲ့ (၂) ရာခိုင်နှုန်း ထိပေးဆောင်ရပါတယ်။ ဒါကြောင့် လစဉ်ပြန်ဆပ်နိုင်ဖို့သေချာတဲ့ ၀င်ငွေတစ်ခုရှိမှသာ မော်တော်ယာဉ်ချေးငွေလုပ်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။