Travel Insurance

အတိုးနှုန်းများ အသီးသီးလျော့ချမှုနှင်. Global Recession သို.ဆိုက်ရောက်လာခြင်း

blog image

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ အပ်ငွေအတိုးနှုန်းများနှင့် ချေးငွေအတိုးနှုန်းများကို လျော့ချလိုက်ပြီး အကျိုးသက်ရောက်မှု ကို အရင်သတ်မှတ်ထားသည့် ဧပြီ (၁) ရက်နေ့အစား မတ်လ (၁၆) ရက်ကို ပြောင်းလဲလိုက်ပါသည်။ ငွေစုစာရင်းအပ်ငွေ အတိုးနှုန်းနှင့် အာမခံပစ္စည်းနှင့် ထုတ်ချေးသည့် ချေးငွေ အတိုးများကို အရင် (၁၀) ရာခိုင်နှုန်းမှ (၉.၅) ရာခိုင်နှုန်း လျော့ချ ခဲ့ပါတယ်။

ထပ်မံပြီး မတ်လ (၂၄) ရက်နေ့မှာ အတိုးနှုန်းကို (၉.၅) ရာခိုင်းနှုန်းမှ (၈.၅) ရာခိုင်းနှုန်းအထိ ထပ်မံ လျော့ချခဲ့ပါပြီ။ဒီလိုလျော့ချလိုက်တာ ကြောင့်အကျိုးဆက်အနေနဲ့ ပုဂ္ဂလိက ဘဏ်အသီးသီး မှာလည်း ချေးငွေအတိုးနှုန်းတွေလျော့ချ လာမယ်လို့ခန်းမှန်းရပါတယ်။

ကမ္ဘာ ကပ်ရောဂါ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ထိခိုက်မှုတွေရှိလာ တဲ့ စီးပွားရေး လုပ်ငန်းရှင် တွေအတွက်အထောက်အကူဖြစ်စေဖို့ အတိုးနှုန်းတွေလျော့ချကာ ငွေချေးပေးမှုတွေကို ဘဏ်တွေက လုပ်ဆောင်လာကြပါပြီ။ COVID-19 ကြောင့် လူသားတွေ အပေါ် ကျန်းမာရေးသာမက စီးပွာရေးအရ ပါ ထိခိုက်မှုတွေ အလွန် ရှိလာပြီး ကမ္ဘာစီးပွားရေး ကျဆင်းမှု အသွင်ကူးပြောင်းလို့ နေပါတယ်။

 ခရီးသွားလုပ်ငန်းနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းအများစု လုပ်ငန်းတွေရပ်ဆိုင်းသွားပြီး စီးပွားရေးကြပ်တည်းမှုတွေဖြစ်နေပါတယ်။ဒါလို ကျဆင်းမှုတွေကို ထိန်းထားဖို့အတွက် နိုင်ငံအသီးသီးက ဗဟိုဘဏ်တွေက အပြိုင်အဆိုင် အတိုးနှုန်းလျော့ချမှုတွေ လုပ်ဆောင်ကြတာဖြစ်ပြီး ပြန်လည် ထူထောင်ဖို့အတွက် အနည်းဆုံး ၆ လ လောက် အချိန်ယူရမှာပါ။ အမေရိကန်ဗဟိုဘဏ် ကတော့ အရေးပေါ် အနေဖြင့် အတိုးနှုန်းကို ၁.၅% ကနေ ဝ.၅ % အထိ လျော့ချခဲ့ပါပြီ။

ဆက်လက်ပြီး ဒေါ်လာ၊ ရေနံ၊ ရွှေ စတဲ့ တန်ဖိုးတွေလည်း ဖေဖော်ဝါရီလဆန်းမှ စတင်ကာ ဆက်တိုက်ကျဆင်းနေပြီး global recession လို့ခေါ်တဲ့ ကမ္ဘာ စီးပွားရေး ကျဆင်းမှု အဆင့်သို့ရောက်ရှိဖို့တဖြည်းဖြည်းချည်းကပ်နေပါပြီ။မြန်မာနိုင်ငံမှာ ရှိတဲ့ အထည်စက်ရုံအချို့ပိတ်သိမ်းသွားပြီး တရားမဝင် အကြောင်းမကြားပဲပိတ်သိမ်းမှုတွေရှိနေတာကြောင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှတရားစွဲသွားမှာဖြစ်ကြောင်းလဲ သိရပါတယ်။

ဒီလိုအနေ အထားမှာ ငွေသားငွေကြေးတွေ စုဆောင်းထားဖို့လိုအပ်ပြီး အရေးပေါ် အသုံးပြုနိုင်ဖို့ ကြိုတင်စီစဉ်မှုတွေပြုလုပ်ထားသင့်ပါတယ်။ ကျန်တဲ့ assets တော်တော်များများဟာလည်း inflation ဖြစ်ဖို့အလားအလာမရှိနိုင်သေးတာကြောင့်လည်း မိမိ လက်ထဲ ငွေသား အများစု ကိုင်ဆောင်ထား သင့်ပြီး အလျင်းသင့်သလို အသုံးပြုနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဆက်လက်ပြီး နောက်ဆုံးရ ငွေကြေးသတင်း အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး တင်သွားဦးမှာဖြစ်လို့စောင့်ကြည့်စေချင်ပါတယ်။