၇၀၀ ဘီစီ မှာ စတင်ခဲ့တဲ့ ငွေကြေးစနစ်ဟာဆိုရင် လူတွေအတွက် နေ့စဉ် ၀ယ်ယူမှု တွေအားလုံးအတွက် အဆင်ပြေဆုံး ပေးချေတဲ့နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ 2014 မှာ contact less payment စနစ်အတွင်း အကြီးမားဆုံးပါဝင်လာတဲ့ Apple ကြောင့် နောက်အနာဂတ်မှာ ငွေစက္ကူနှင့် အကြွေစေ့အသုံးပြုမှု ခေတ်တစ်ခေတ် ကျန်ခဲ့တော့မှာ လားကို စီးပွားရေး ပညာရှင်တွေ သုံးသပ်နေခဲ့တာကြာပါပြီ။
ဒါ့အပြင် Libra လို့ခေါ်တဲ့ Blockchain နည်းပညာ အသုံးပြုထားတဲ့ cryptocurrency တစ်ခုကို Facebook က ၂၀၁၉ မှာစတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၀ နှစ်လယ်မှာစတင်အသုံးပြုလို့ရမယ်ဆိုပြီး ကြော်ငြာ ခဲ့တာလည်းမကြာသေးပါဘူး။
ဒါဟာ အနာဂတ်မှာ ငွေကြေးကိုင်ဆောင်သုံးစွဲမှု ပိုပိုပြီးလျော့နည်းလာဖို့အတွက်တွန်းအားတွေဖြစ်ပါတယ်။ Digital Currency ရဲ့ ဈေးကွက်အပေါ်ရွေ့လျားမှုက ဘယ်ကိုဦးတည်လဲဆိုတာကို မသေချာသေးတာကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမလဲဆိုတာထည့်မတွက်ထားပါဘူး။
US နဲ့ Britain နိုင်ငံတို့မှာဆိုရင် အကြွေစေ့နဲ့ငွေစက္ကူတွေ လည်ပတ်သုံးစွဲမှုက (၁၀) ရာခိုင်းနှုန်းအောက်ရောက်နေပြီး အများစုမှာ နိုင်ငံခြားသားနဲ့ခရီးသွားတွေလက်ထဲမှာ ကိုင်ဆောင်ထားတာများပါတယ်။ ကျန်တဲ့ ငွေပမာဏ ကိုတော့ ဘဏ် account ထဲတွေမှာ သိမ်းဆည်းထားကြတာဖြစ်ပြီး အီလက်ထရောနစ် အရ ပဲငွေကြေးလွှဲပြောင်း သွားတာဖြစ်ပြီး ဘဏ်ထဲမှာ ရှိတဲ့ ငွေစက္ကူတွေက တော့ သိမ်းထားတဲ့နေရာမှာပဲရှိနေမှာပါ။
ချမ်းသာတဲ့နိုင်ငံအများစုမှာတော့ ငွေကြေးကိုင်ဆောင်အသုံးပြုတာတွေအတော်နည်းလာပြီး debit, credit , digital wallet နဲ့ တခြား contactless စနစ်တွေ နဲ့လည်ပတ်အသုံးပြုနေကြပါတယ်။နိုင်ငံအသီးသီး မှာ ငွေစက္ကူအမြောက်အမြား ကိုလွှဲပြောင်းပေးအပ်တာတွေနည်းပါးလာပြီး electronic transaction ကိုပိုမိုအသုံးပြုကြပါတယ်။
ငွေကြေးစက္ကူနဲ့ ၀ယ်ယူခြင်းက ဘယ်သူကရောင်းပြီး ဘယ်သူက၀ယ်တယ်ဆိုတာကို ငွေစက္ကူကိုကြည့်ပြီး မသိနိုင်ပါဘူး။ ဒီလိုလူမသိပဲစီးဆင်းနေတဲ့ငွေကြေးစနစ်ကိုဖျတ်သိမ်းခဲ့မယ်ဆိုရင် ငွေကြေးအတုလုပ်တာတွေ နဲ့တရားမ၀င်ငွေကြေးလွှဲပြောင်းတာတွေကို electronic transaction မှာ ဘယ်သူကလွှဲပြီးဘယ်သူလက်ခံရရှိတာကို သိနိုင်တဲ့အတွက် ရာဇ၀တ်မှုတွေကို အလွယ်တကူဖော်ထုတ်နိုင်မှာပါ။
Privacy အရတော့ ငွေကြေးစက္ကူ နဲ့ပေးချေတာ ဟာ အကောင်းဆုံးဖြစ်ပေမယ့် ချမ်းသာတဲ့နိုင်ငံမှာတောင် GDP ရဲ့ လေးပုံတစ်ပုံဟာ တရားမ၀င်ပဲလည်ပတ်စီးဆင်းနေတဲ့ငွေကြေးတွေအဖြစ်ရှိနေပါတယ်။ ဒါဟာနိုင်ငံအတွက်ငွေကြေးဖောင်းဖွမှု ကိုဖြစ်စေမယ့်အကြောင်းအရင်း တစ်ခုလဲဖြစ်ပါတယ်။ ငွေကြောင်းဖောင်းပွမှု ရဲ့နောက်ကွယ်မှာ အကြောင်းအရင်း တွေမျိုးစုံရှိနိုင်တဲ့အတွက် တစ်သက်မက်ထဲတော့ပြောလို့မရပါဘူး။ သေချာတာကတော့ အီလက်ထရောနစ်ပေးချေမှု တွေသာရှိခဲ့ရင် လူမသိပဲစီးဆင်းနေတဲ့ငွေကြေးတွေအလွန်နည်းပါးသွားမှာဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တဲ့အခါမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုမှာပါ။
Digital ပြောင်းလဲမှုတွေဟာ ရှုပ်ထွေးတဲ့ပြသနာတွေကို ဖြေရှင်းနိုင်မယ်ဆိုသော်လည်း ချမ်းသာတဲ့နိုင်ငံ တွေမှာတောင် ဘဏ်ကို လုံးလုံးအသုံးမပြုပဲ ငွေကြေးကို ပဲကိုင်ဆောင်သုံးစွဲနေတဲ့သူတွေအများကြီးရှိပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ဘဏ်တွေကို ပေးရတဲ့ Fees တွေကြောင့်စရိတ်ပိုမိုတက်နိုင်တာကြောင့် ငွေသားဖျတ်သိမ်းဖို့ကိစ္စကတော့ အတော်ကိုခက်ခက်ခဲခဲဆောင်ရွက်ရမယ့်အနေအထားမှာရှိပါတယ်။ငွေစက္ကူတွေ ဖျတ်သိမ်းမယ်ဆိုရင်သေချာတာကတော့ ဒုစရိုက်မှုတွေက ယခုအချိန်ထက်လျော့နည်းလာမှာပါ။
ဘဏ်တွေမှာလည်း ၀န်ထမ်းတွေသိပ်မလိုတော့လို့အလုပ်အကိုင်မဲ့တွေပိုများလာနိုင်သလို အလုပ်အကိုင်အသစ်တွေလည်းအများကြီးပေါ်လာဦးမှာဖြစ်ပါတယ်။ နောက်နှစ်ပေါင်း ၅၀ နဲ့ ၁၀၀ ကြားမှာ ငွေစက္ကူနှင့် အကြွေတွေ ပျောက်ကွယ်သွားမယ်လို့ခန့်မှန်းထားကြသလို နိုင်ငံတစ်ချို့က လည်း မဖျတ်သိမ်းပဲဆက်လက် အသုံးပြုသွားကြမှာပါ။ အခုချိန်မှာတော့ ငွေသား နှင့်ပေးချေတာနဲ့ အီလက်ထရောနစ် ငွေပေးချေမှု နှစ်ခုလုံးအသုံးတည့်နေကြောင့် ပိုနေမြဲကျားနေမြဲအတိုင်းဆက်သွားနေရဦးမှာဖြစ်ပါတယ်။