Insurance

မော်တော်ယာဉ်အာမခံကြေးတောင်းခံမယ်ဆိုရင် ဘာတွေသိထားသင်.လဲ ?

blog image

မတော်တဆ ထိခိုက်ပျက်ဆီးမှုများနဲ့ ကံကြမ္မာ ရဲ့လှည့်ဖျားမှုကြောင့် မော်တော်ယာဉ်နှင့် လူပုဂ္ဂိုလ် အပေါ်မှာ ဖြစ်လာတဲ့ထိခိုက်မှုကိစ္စအ၀၀ အတွက် စိတ်သက်သာယာ စေဖို့ မော်တော်ယာဉ် အာမခံ ထားကြပါတယ်။ 

 

ဒီလို မော်တော်ယာဉ်အာမခံထားကြပြီး ထိခိုက်မှုဖြစ်ပွားလို့ အာမခံ လျော်ကြေးတောင်းခံရာတွင် သိထားသင့်တဲ့အချက်တွေ ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ 

 

မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့မယ်ဆိုရင် ပထမဦးဆုံး လုပ်ရမယ့်အချက်က ဘယ်လိုလဲ ထိခိုက်မှု နည်းပါစေ လျော်ကြေးကို အာမခံကုမ္ပဏီ ကရယူမယ်ဆိုရင် ဖြစ်စဉ်မှတ်တမ်းယူထားပါ။

 

ကားမှာ Black Box ပါမယ်ဆိုရင် Black Box က ဒေတာအပြင် ဖုန်းနဲ့ပါ မှတ်တမ်းတင်ထားပါ။ ဒီလိုမှတ်တမ်းရှိမှ သာ အာမခံကုမ္ပဏီက ပေးလျော်မှာဖြစ်ပါတယ်။ 

 

အာမခံ ကုမ္ပဏီကို ဆက်သွယ်အကြောင်းကြားပါ။ ထိခိုက်မှုဖြစ်ပွားတဲ့နေရာကို အာမခံကုမ္ပဏီ က ၀န်ထမ်း တွေ ရောက်လာမှာဖြစ်ပြီး လျော်ကြေးငွေကိစ္စကိုတိုင်ပင်ပါ။ 

 

ရဲစခန်းကို အကြောင်းကြားရပါမယ်။ အာမခံလျော်ကြေးတောင်းခံတော့မယ်ဆိုရင် ရဲစခန်းက ပြစ်မှုမှတ်တမ်းကို အာမခံကုမ္ပဏီ ကယူပါတယ်။ ထိခိုက်မှုနည်းမယ်ဆိုရင်တော့ ကုမ္ပဏီတော်တော်များများက ရဲစခန်းက ပြစ်မှုမှတ်တမ်း မလိုပဲ ဖုန်းနဲ့ရိုက်ထားတဲ့ မှတ်တမ်း နဲ့ အာမခံလျော်ကြေးကို claim လုပ်နိုင်ပါတယ်။ 

 

နောက်ဆုံးကုမ္ပဏီကနေ claim အင်ဂျင်နီယာ တစ်ယောက် ကိုလွှတ်ပြီး တစ်ဖက် ထိခိုက် နစ်နာတဲ့သူနဲ့ ညှိနှိုင်းပြီး လျော်ကြေးငွေ ပေးတာဖြစ်စေ ၊ ကားဘော်ဒီရုံမှာ ပြင်တာဖြစ်စေ ကုမ္ပဏီက လုပ်ပေးဖို့အတွက်ပြောမှာပါ။ မိမိ ဘက်က ထိခိုက်ထားတဲ့ ကားကိုလည်း အာမခံကုမ္ပဏီရဲ့ မိတ်ဖက် ကားဘော်ဒီအလုပ်ရုံတွေမှာ ပြင်ပေးပါတယ်။ 

 

ဒီလို တစ်ဖက်လူကို လျော်ကြေးငွေ ပေးရမယ်ဆိုရင် မိမိ ဘက်ကအရင် စိုက်ပေးထားရတာဖြစ်ပြီး နောက်မှသာ ကုမ္ပဏီ ကို အဆင့်ဆင့် စာရွက်စာတမ်းတွေဖြည့်ပြီး တောင်းခံရတာပါ။ 

 

အာမခံထားထားလို့ လျော်ရမယ့်ငွေကြေးက များတယ်ဆိုရင် အပြည့်အ၀ မလျော်တာတွေရှိပါတယ်။ ဒါဟာ အာမခံကုမ္ပဏီတွေ အများစုမှာ ကန့်သတ်ချက်နဲ့ အာမခံစာချုပ်ဆိုတာရှိပါတယ်။ အာမခံကုမ္ပဏီတွေက နေ အာမခံပေါ်လစီကို ပရီမီယမ်ကြေး ပေးပြီးဝယ်ယူလိုက်ရင် အာမခံစာချုပ်ကို ရပါတယ်။အဲဒီစာချုပ်ဟာ ကုမ္ပဏီတစ်ခုနဲ့တစ်ခု အနည်းအပါးကွာခြားမှုလေးတွေရှိပါတယ်။

 

ဒီလို အာမခံစာချုပ်ကို အပြည့်အ၀ နားလည်မှ လျော်ကြေးငွေတောင်းခံရာမှာမြန်ဆန်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ 

 

 အကယ်၍ တစ်ဖက်လူက ထိခိုက်မှု အရမ်းများတဲ့အခါမှာ ကိုယ့်ဘက်က စိုက်ပြီးထပ်မံလျော်ကြေးပေးရတာရှိလို့ အာမခံထား ထားတိုင်း သတိလက်လွတ်မ မောင်းကြဖို့ အကြံပေးလိုက်ပါတယ်။ 

 

ဒါနဲ့ သတိထားရမယ့်တစ်ချက်က ထိခိုက်မှုဖြစ်ပွားတဲ့အခါမှာ ကားမောင်းတဲ့သူက Authorized ဖြစ်နေဖို့လိုအပ်ပါတယ်။ အာမခံ စ ပြီး ထားထဲက ဘယ်သူဒီကားကို မောင်းမှာလဲဆိုတဲ့ Authorized Person ကိုတောင်းခံပြီး အဲဒီတစ်ယောက်ထဲအတွက် ပဲ မော်တော်ယာဉ်ထိခိုက်မှုအာမခံက အကျုံး ၀င်ပါတယ်။ 

 

မော်တော်ယာဉ် အာမခံဘယ်ကုမ္ပဏီ မှာထားရမလဲဆိုတာ ကို အောက်က link မှာ အသေးစိပ် ၀င်ရောက်လေ့လာပြီး နှိုင်းယှဉ်ရွေးချယ်နိုင်ပါတယ်။ 

 

https://www.danatoe.com/c_insurance.php