Budget

ငွေကြေးပူပန်မှုတွေကို ဖြေရှင်းနည်းများ

blog image

ပြတ်တုန်းလပ်တုန်း ၂၃ အပေါင်းတို့ရေ လကုန်ရင် ရှားပါးနေတဲ့ ပြဿနာ ကို သူများစီက ငွေချေးပြီးဖြေရှင်းနေရတယ်ဆိုတာ ကောင်းတဲ့အကျင့်တစ်ခုမဟုတ်ပါဘူးနော်။

 

ဒါကြောင့် ဒီနေ့မှာတော့ အဲလိုငွေကြေးပူပန်မှု ပြဿနာတွေကို တကယ်ဖြေရှင်းပေးမယ့် နည်းလမ်း (၅) ခုကို ပြောပေးသွားပါမယ်။

လစဉ်အသုံးပြုမယ့်ငွေကိုကန့်သတ်ပါ

အလွယ်ဆုံး ဘက်ဂျက်သတ်မှတ်တဲ့နည်းလမ်းကတော့ 50/30/20 ပါ။ ၀င်ငွေရဲ့ 50 ရာခိုင်နှုန်းကို အိမ်သုံးစရိတ် နဲ့နေ့စဉ်မဖြစ်မနေလိုအပ်တဲ့စားစရိတ် နဲ့ သွားလာစရိတ်တွေမှာအသုံးပြုပါ။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ ကိုယ့်အတွက် ကိုယ်အသုံးပြုတာတွေ ဥပမာ shopping ထွက်တာတို့ ခရီးသွားတာတို့ ကောင်မလေးနဲ့ dinner စားတာတို့စသည်ဖြင့်ပေါ့။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်း အတွက်ကိုတော့ savings အနေနဲ့စုတာပါ။ အဲဒါမှနောက်အရေးကြီးပိုက်ဆံလိုလာတဲ့အခါမှာ သူများစီက ငွေချေးတာတွေလုပ်စရာမလိုပဲစုထားတဲ့ထဲက ပြန်အသုံးပြုနိုင်ပါတယ်။

 

လစဉ်အသုံးစားရိတ်ကိုမှတ်ထားပါ

ဒီနည်းလမ်းကတော့ ကိုယ်မသိလိုက်တဲ့ငွေယိုပေါက်တွေ ကို သတိထားမိအောင်လုပ်တာပါ။ တစ်ခါတစ်လေ ကျွန်တော်တို့အခန့်မသင့်ပဲ လက်ဖက်ရည်ဆိုင်ထိုင် တာတွေတစ်ရှုးတစ်ထုပ် ၅၀ ဆိုပြီးဝယ်လိုက်တာတွေက မသိသာပေမယ့် လာကုန်ခံနီးလို ငွေလိုလာတဲ့အခါ ၂၀၀ က အစ တန်ဖိုးရှိနေတတ်ပါတယ်။ ဈေးဘယ်လောက်မှမရှိပါဘူးလေ ဆိုပြီးမလိုအပ်ပဲ ၀ယ်မိတာတွေများလာတဲ့အခါ ငွေကိုဖြုန်းသလိုဖြစ်သွားပါတယ်။ ဒါကြောင့်တက်နိုင်သလောက် အသုံးစားရိတ်လေးတွေမှတ်ထားပေးပါ။ ဒါမှဘယ်နားမှာကိုယ်ပိုသုံးနေမိလဲသတိထားမိမှာဖြစ်ပါတယ်။

 

ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းသိမ်းပါ

ဈေးဝယ်ထွက်တဲ့အခါမှာ ဒီဟာလေးလိုချင်တယ်ဟိုဟာလေးလိုချင်တယ်ဆိုပြီးဖြစ်ကြတာ လူတိုင်းလိုလိုပါပဲ။ အဲလိုအချိန်မှာ စိတ်အလိုလိုက်မိတဲ့အခါ မှာ ငွေတွေအမြောက်အမြားလက်ထဲကျန်တဲ့အချိန်မှာ မသိသာပေမယ့် လတစ်လရဲ့နောက်ဆုံးအပတ်ရောက် တဲ့အခါ နောင်တ တွေနဲ့ ဒါမ၀ယ်မိရင်ကောင်းသား ဆိုပြီး ပူပန်နေရပါလိမ့်မယ်။

 

သင်တတ်နိုင်တာထက်ပို မပေးမိပါစေနဲ့

မြန်မာလူမျိုးတွေဟာ သဒ္ဒါတရားအလွန်ထက်သန် ကျတဲ့အတွက် တစ်ချို့အလှူတွေမှာ ကိုယ်တတ်နိုင်သလောက်ကိုမစဉ်းစားပဲ ရက်ရက်ရောရောပေးကမ်းတတ်ပါတယ်။ သင့်အတွက်လေ၀ အောင်ရှူပြီးမှ သူများတွေကို မျှဝေတာဟာ ငွေကြေးစီမံခန့်ခွဲသူတွေရဲ့စကားဖြစ်ပါတယ်။ ဒါကြောင့်ဘာပဲလှူလှူတတ်နိုင်သလောက်သာပေးကမ်းပြီး ငယ်ငယ်တုန်းက ကျောင်းအလှူကောက်သလို သူများတွေနဲ့ပြိုင်ဆိုင်တာ တွေမလုပ်သင့်ပါဘူးနော်။

 

မလိုအပ်ပဲ အဆင့်မြှင့်တာတွေ ရှောင်ပါ

လူတိုင်းလိုလို အသစ်ထွက်သမျှကို ၀ယ်ပြီးအဆင့်မြှင့်ချင်ကြပါတယ်။ ဥပမာ ဖုန်းဆိုရင် သိသာပါတယ် တစ်နှစ်ကို ၂ ခါလောက် အသစ်တွေထွက်နေပါတယ်။ ကျွန်တော်တို့လိုသာမန်လူတန်းစားအတွက် ထွက်တိုင်းသာ အဆင့်မြှင့်ပြီး လိုက်ဝယ်နေရမယ်ဆိုရင် ငွေကို စုမိ မှာမဟုတ်ပါဘူး။ ၀င်ငွေတိုးတတ်ဖို့အတွက် အရင်စုပါ။ မလိုအပ်ပဲအဆင့်မြှင့်တာတွေရှောင်ရှားခြင်းနဲ့ အဆင်ပြေကြပါစေဗျာ။